Podobné skladby
Kredity
AUSFÜHRENDE KÜNSTLER:INNEN
Jewel
Künstler:in
KOMPOSITION UND LIEDTEXT
Nyeimn Chamn Co
Songwriter:in
Texty
အမှားများကိုရှောင်ရင်း
မှားသွားတာတွေလည်းရှိတယ်
လူတွေပဲ
သဘာဝပဲ
မလဲကျအောင်နေရင်း
ရှူံးနိမ့်တာတွေလည်းရှိမယ်
မငိုပါနဲ့
ဒါပုံမှန်ပဲ
တစ်ယောက်ယောက်နဲ့လမ်းတွေ့တဲ့အခါ
ကိုယ့်ဘက်ကပြုံးပြလိုက်ပါ
ခက်ခဲတာတွေမှမဟုတ်တာ
ရိုးသားစွာဘဝကိုဖြတ်သန်းပါ
လောကကိုအကောင်းမြင်အောင်ကြည့်ပါ
ဒီလိုလေးပဲ
ဘဝဟာဒီလိုလေးပဲ
မချစ်မိဖို့ကြိုးစားလို့နေလည်း
တဖြည်းဖြည်းနဲ့ချစ်မိသွားတတ်တယ်
ဒီလိုလေးပဲ
ဘဝဟာဒီလိုလေးပဲ
အကောင်းဆုံးမင်းပေးဆပ်ခဲ့ပေမယ့်
တန်ဖိုးမထားဘဲပစ်ချခဲ့တတ်တယ်
ဒီလိုလေးပဲ
အချိုးကျအောင်နေလည်း
ထိုးချချင်သူလည်းရှိတယ်
ဒီလိုပဲ
မလိုသူကတော့မုန်းချင်မုန်းနေမှာပဲ
ကိုယ်ပေးလိုက်တာအဖြူထည်လေးပဲ
တခြားဘက်မှာညစ်နွမ်းသွားမယ်
ဟေးမင်းရဲ့စိတ်ကိုပြင်ဆင်ဦး
ဒီလိုလေးပဲ
ဘဝဟာဒီလိုလေးပဲ
မချစ်မိဖို့ကြိုးစားလို့နေလည်း
တဖြည်းဖြည်းနဲ့ချစ်မိသွားတတ်တယ်
ဒီလိုလေးပဲ
ဘဝဟာဒီလိုလေးပဲ
အကောင်းဆုံးမင်းပေးဆပ်ခဲ့ပေမယ့်
တန်ဖိုးမထားဘဲပစ်ချခဲ့တတ်တယ်
ဒီလိုလေးပဲ
ဒီလိုလေးပဲ
ဘဝဟာဒီလိုလေးပဲ
မချစ်မိဖို့ကြိုးစားလို့နေလည်း
(တဖြည်းဖြည်းနဲ့ချစ်မိတတ်ပါတယ်) ဟိုး
ဒီလိုလေးပဲ
ဘဝဟာဒီလိုလေးပဲ
မချစ်မိဖို့ကြိုးစားလို့နေလည်း
တဖြည်းဖြည်းနဲ့ချစ်မိသွားတတ်တယ်
ဒီလိုလေးပဲ
ဘဝဟာဒီလိုလေးပဲ
အကောင်းဆုံးမင်းပေးဆပ်ခဲ့ပေမယ့်
တန်ဖိုးမထားဘဲပစ်ချခဲ့တတ်တယ်
ဒီလိုလေးပဲ
ဘဝဟာဒီလိုလေးပဲရေး
မချစ်မိဖို့ကြိုးစားလို့နေလည်း
တဖြည်းဖြည်းနဲ့ချစ်မိတတ်ပါတယ်ဟေး
ဘဝကိုလည်ပြန်ငေးခဲ့
အကောင်းဆုံးမင်းပေးဆပ်ခဲ့ပေမယ့်
တန်ဖိုးမထားဘဲပစ်ချခဲ့တတ်တယ်
ဒီလိုလေးပဲ
ကိုယ်ကပေးလည်းကိုယ်ပြန်မရခဲ့
ဒီလိုလေးပဲ
ဒီလိုလေးပဲ
Lyrics powered by www.musixmatch.com